မကွေးတိုင်း၊ စလင်းမြို့ရှိ မြို့မဈေးကြီးမှာ နိုဝင်ဘာ ၂၃ ရက် ဒီနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က စတင်မီးလောင်ကျွမ်းနေပြီး မီးအရမ်းများတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးသတ်သမားတွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်နေရပြီး ဘာကြောင့် လောင်ကျွမ်းတယ်ဆိုတာတော့ လတ်တလောမသိရသေးပါဘူး။
မီးလောင်မှုကို စလင်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီး၊ မင်းဘူးခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ စုစုပေါင်း ၁၂ စီးတို့နဲ့ မီးငြှိမ်းသတ်နေပါတယ်။
ဒီနေ့ ညနေ ၆ နာရီ ၂၅ မိနစ်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၇ နာရီ ၇ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ ည ၇ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။