စစ်ကိုင်းတိုင်း မုံရွာ PDF တပ်ခွဲစခန်းတစ်ခုနဲ့ မဟာမိတ်စခန်းတခုကို နိုဝင်ဘာ ၂၃ ရက် မနက် ၅ နာရီလောက် စစ်ကောင်စီတပ်တွေ ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် သက္ကယ်ကျင်း၊ ကိုင်းတော၊ သပြေပင်စု၊ ဇီးကျွန်း၊ ပလ္လင်စတဲ့ ကျေးရွာတွေကို မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေ ၀င်ရောက်စီးနင်းခဲ့ပြီး အဲ့ဒီစခန်း ၂ ခုကို မီးရှို့ဖျက်ဆီးခဲ့တာလို့ မုံရွာ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ထားပါတယ်။
တပ်ခွဲစခန်းနဲ့ မဟာမိတ်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အထဲမှာ ဆိုင်ကယ် ၄ စီး အပါအဝင် ကာလတန်ဖိုး သိန်း ၇၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် ရဲဘော်တွေ ထိခိုက်ဒဏ်ရာရှိမှုနဲ့ ဖမ်းဆီးခံရခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အနီးအနား ကျေးရွာတွေက နေအိမ်တွေကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ကြပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။