ကမ္ဘာ့အကောင်းဘောလုံးသမားဆုအတွက် ဆန်ခါတင် ၁၁ ဦးစာရင်းတွင် ပရီးမီးယားလိဂ်က ၅ ဦး ပါဝင်

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် ၁၁ ဦးစာရင်းထုတ်ပြန်ခဲ့ရာမှာ ပရီးမီးယားလိဂ်က ၅ ဦး ပါဝင်လာပါတယ်။
ဖီဖာက ထုတ်ပြန်ခဲ့တဲ့ ဆန်ကာတင် ၂၂ ဦးထဲမှာ ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒို၊ လီဗာပူးက ဆာလတ်၊ မန်စီးတီးက ဒီဘရိုင်းနဲ့ ချဲလ်ဆီးကွင်းလယ်လူတွေဖြစ်တဲ့ ကန်တေနဲ့ ယော်ဂင်ညိုတို့ ပါဝင်လာခဲ့တာပါ။
တခြား ၆ ဦးထဲမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ ပါဝင်ပါတယ်။
အလားတူ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ ပါဝင်လာပါတယ်။
ဖီဖာအနေနဲ့ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းကိုလည်း ထုတ်ပြန်ခဲ့ပြီး အီတလီ နည်းပြ မန်ချီနီအပါအဝင် ဂွါဒီယိုလာ၊ တူချယ်၊ ကွန်တီ၊ ဟမ်ဆီဖလစ် အစရှိတဲ့နည်းပြတွေ ပါဝင်နေပါတယ်။
အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင် ၅ ဦးမှာတော့ ပရီးမီးယားလိဂ်က အလီဆန်၊ ရှမိုက်ကယ်၊ မန်ဒီ တို့နဲ့အတူ နူအာနဲ့ ဒွန်နာရမ်မာတို့ပါဝင်ခဲ့ပါတယ်။
အမျိုးသမီးအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ၁၃ ဦးပါဝင်ခဲ့ရာမှာ ချဲလ်ဆီးအသင်းက ၄ ဦးအထိ ပါဝင်ပြီး မန်စီးတီးနဲ့ အာဆင်နယ်က ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးဆုတွေကို လာမယ့်နှစ် ဇန်နဝါရီ ၁၇ ရက်နေ့ ချီးမြှင့်သွားမှာဖြစ်ပါတယ်။