မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ခြေတော်ရာရွာ ကိုယ်ရင်လေးတောင်ကွေ့အနီးမှာ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲကျော်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ယာဉ်တန်းမှာ ကား ၃ စီးပါပြီး ပေါက်ကွဲမှုကြောင့် အလယ်က ယာဉ်မြောက်သွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတချို့ အသေအပျောက်ရှိနိုင်တယ်လို့ မတ္တရာမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒေသအခေါ် ကိုယ်ရင်လေးတောင်ကွေ့ နားမှာဖြစ်တာ။ ကားပေါ်ကနေ ခုန်ဆင်းတာတွေရှိတယ်။ အဲ့ဒါတွေကိုလည်း သေနတ်နဲ့ ပစ်တယ်လို့လည်း ကြားတယ်။ ထိခိုက် သေဆုံးကတော့ ရှိနိုင်တယ်။ ဘယ်နှဦးလည်း မသိရသေးဘူး။”
စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းဟာ ဆည်တော် အထက်ပိုင်းရွာတွေကနေ မွှေနှောက် ပြန်လာတဲ့ဖြစ်ကာ ပေါက်ကွဲမှုဖြစ်အပြီးမှာလည်း ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။