Sunday, June 11, 2023
HomeLead Storyသထုံမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံး

သထုံမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွာကြားမှာ နိုဝင်ဘာလ ၂၂ ရက် ဒီမနက် ၁၁ နာရီလောက်က  KNU ၊ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း သေဆုံးသွားပါတယ်။

အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂  နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတယောက်က  ဒီဗွီဘီကို ပြောပါတယ်။

၁၀ မိနစ်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူခဲ့ပေမဲ့  KNU ၊ PDF ပူးပေါင်းအဖွဲ့က အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာခဲ့ပါတယ်။

အဲဒီကြားဖြတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KNLA တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးက အပြန်အလှန် ပစ်ခတ်မှုရှိကြောင်း ကြားသိရပေမယ့် မြေပြင် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဒီဗွီဘီ ကို ပြောပါတယ်။

KNLA တပ်မဟာ ၁ နဲ့ သထုံဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မဟာမိတ်အဖြစ် ပေါင်းစည်းပြီးနောက် စစ်ကောင်စီတပ်ကို မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular