တောင်ဆူဒန် အပစ်ရပ်ရေး အစိုးရနှင့် သူပုန်အဖွဲ့ ဆက်လက်ဆွေးနွေး

တောင်ဆူဒန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ သူပုန်အဖွဲ့ကိုယ်စားလှယ်တွေဟာ ရက်သတ္တပတ်ကြာ တိုက်ခိုက်နေတဲ့ လူမျိုးရေးတိုက်ပွဲတွေကို အဆုံးသတ်ဖို့ အီသီယိုပီးယား နိုင်ငံရဲ့ မြို့တော် အာဒစ်အဘာဘာမြို့မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့မှာ  ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

south sudanဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၁ ဦးကို ပြန်လွှတ်ပေးဖို့ သူပုန်အဖွဲ့ရဲ့တောင်းဆိုမှုကို သမ္မတ ဆေးလ်ဗာကီးယား က ငြင်းဆိုနေတာကြောင့် ဆွေးနွေးပွဲဟာ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေပါတယ်။

အာဖရိကတိုက်ရဲ့ အရှည်ကြာဆုံး ပြည်တွင်း စစ် ဖြစ်ပွားခဲ့တဲ့ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်က ဆူဒန်နိုင်ငံကနေ ခွဲထွက်ခွင့်ရခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကြားဝင်ဖျန်ဖြေပေးနေတဲ့ အရှေ့အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ် လက်ဇာရပ် ဆဲန်ဘိုင်ဝါးက နှစ်ဖက်အဖွဲ့အတွင်း သဘောတူညီမှုတွေ ရရှိနေပြီး နှစ်ဖက်စလုံးအတွက် မရှင်းသေးတဲ့ ကိစ္စတွေကို ဆက်လက် ဆွေးနွေးနေဆဲပဲလို့ ပြောဆိုခဲ့ ပါတယ်။

ယူဂန္ဒလေတပ်ဟာ အစိုးရဘက်ကနေ ကူညီတိုက်ခိုက်ပေးနေတယ်လို့ သူပုန်အဖွဲ့တွေက စွပ်စွဲပေမယ့် ယူဂန္ဒအစိုးရက ငြင်းဆိုထားပါတယ်။

တောင်ဆူဒန်သမ္မတရဲ့ အကူအညီတောင်းခံမှုနဲ့ ယူဂန္ဒတပ်ဖွဲ့တွေဟာ ဂျူးဘာမြို့တော်လေဆိပ်နဲ့ သမ္မတအိမ်တော်ကို လုံခြုံရေး ယူပေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up