စစ်ကောင်စီ ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်း တိုက်ခိုက်ခံရ
DVB
·
November 22, 2021
ကလေးမြို့က စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Zomi Federal Union က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲမှာ PDF Zoland နဲ့ CDM - Siyin( CDF-KKG တပ်ရင်း ၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတယ်လို့ ကနဦးသတင်းရပေမဲ့ အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။
စစ်ဆင်ရေးမှာပါတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအားလုံးကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။