Live
Home
မြန်မာသတင်း
ချောင်းဦးတွင် ဆိုင်ကယ်အတူစီးလာသည့် အမျိုးသား ၂ ဦးကို စစ်တပ်က ပစ်ခတ်၊ ၁ ဦးသေဆုံး
DVB
·
November 21, 2021

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်စီးလို့ဆိုပြီး နိုဝင်ဘာ ၂၀ ရက် မနက် ၁၀ နာရီကျော်လောက် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က  "သူတို့က ကျီကုန်းအရှေ့ရွာက။ ချောင်းဦးကနေ ကျီကုန်းကိုအပြန် ခင်မွန်မှာ ပစ်ခံရတာ။ ဘောလုံးကွင်းနားမှာ။ တယောက်က ပြုတ်ကျကျန်ခဲ့တယ်။ သူ့ကို စစ်သားတွေက ကားပေါ်တင်သွားတယ်" လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ကိုတင်မောင်အေးဖြစ်ပြီး ဆိုင်ကယ်မောင်းသူကတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီလောက်မှာ စစ်သားတွေဟာ အိမ်စီးကား ၇ စီးနဲ့ ကျီကုန်းရွာက သေဆုံးသူအိမ်ကိုရောက်လာပြီး ရှာဖွေ မွှေနှောက် ပြန်သွားတယ်လို့လည်း သိရပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထွက် ခြောက်မိုင်စစ်ရေးဂိတ်မှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုကြိမ်းမောင်းပြီး ထိုင်ထလုပ်ခိုင်းနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အခုနိုဝင်ဘာလကစပြီး ထားဝယ်၊ မြိတ် အပါအဝင် မြို့နယ် ၈ မြို့နယ် ထက်မနည်းမှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးတာနဲ့ အမျိုးသမီးအနောက်က အမျိုးသား လိုက်ပါစီးနင်းမှုတွေ အမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024