မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်မှာ နိုဝင်ဘာ ၂၀ ရက် ဒီနေ့ မနက် ၇ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ အကွက်မှူး အမျိုးသား ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေဆုံးသူဟာ အသက် ၆၀ ဝန်းကျင်ရှိ ဦးလှဝေဆိုသူဖြစ်ပြီး ကန်သာယာရပ်ကွက် ဗ - ၄ အကွက်မှူးဖြစ်တယ်လို့ သိရပါတယ်။
အကွက်မှူး သေနတ်ပစ်ခံရလို့ ဖုန်းနဲ့အကူညီတောင်းခံတဲ့ အတွက်အ အခင်းဖြစ်နေရာသွားရောက်ကူညီပေးခဲ့ရာမှာ လူနာသေဆုံးနေပြီဖြစ်တာကြောင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး အအေးတိုက်ကနေ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ အယောက် ၂၀၀ လောက် အသတ်ခံရလို့ သေဆုံးခဲ့ပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။