ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၇ လမ်းမှာ နိုဝင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို ဘိုကလေးနယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက် ငြှိမ်းသတ်ခဲ့ရာမှာ မီးလောင်ကျွမ်းပြီး မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ဘာကြောင့်လောင်ကျွမ်းတယ် ဆိုတာကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူနဲ့ တိရစ္ဆာန် သေဆုံးထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် နေအိမ် ၁ လုံးတော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။