Home
မြန်မာသတင်း
မုံးကိုးဒေသ၌ စစ်ကောင်စီ၏လက်နက်ခဲယမ်းများ MNDAA ကိုးကန့်တပ်က ထပ်မံသိမ်းဆည်းရမိ
DVB
·
November 20, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ် တိုက်ပွဲအတွင်းမှာ အာဏသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်မ-၉၉ က စွန်းပစ်ထားခဲ့တဲ့ လက်နက်ခဲယမ်းအများအပြားကို MNDAA ကိုးကန့်တပ်က နယ်မြေရှင်းလင်းစဉ် ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မူဆယ်ခရိုင်ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုး၊ ဖောင်ဆိုင်ဒေသမှာရှိတဲ့ MNDAA တပ်စခန်းတွေကို ဧပြီလက စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက တိုက်ခိုက်ရေး တင့်ကားအပါအဝင် ကြည်းတပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ရက်လရှည်ကြာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည် အမြောက်အမြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့လို့ MNDAA တပ်က သင်္ဂြိုဟ်ပေးရတဲ့အထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအများအပြားလည်း MNDAA တပ်က မကြာခဏ သိမ်းဆည်းရမိခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လားရှိုး၊ သိန္နီ၊ ကွမ်းလုံနဲ့ မူဆယ်မြို့နယ်တွေက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

စစ်အာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို မြန်မာနိုင်ငံရဲ့ ဒေသအနှံ့မှာ ပြည်သူတွေက ခုခံတိုက်ခိုက်နေတာ  ၉ လကျော်ကြာနေပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024