ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ(၂)၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၊ ပန်ဆန်း(ပန်ခမ်း)မြို့၊ နားလေ့ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ၆၁၈ ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ “ဝ” ပြည်သတင်းဌာန WSTV က နိုဝင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
၆၁၈ ဆေးရုံမှာ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အတွင်း သွားရောက်ဆေးကုသမှုခံယူခဲ့ကြတဲ့ ပြည်သူတွေအနေနဲ့ “၀” ပြည်နယ် ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး ကိုဗစ်-၁၉ စစ်ဆေးကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် ပန်ဆန်း(ပန်ခမ်း)မြို့မှာရှိတဲ့ မြန်မာ- တရုတ် စာသင်ကျောင်းမှာ ပိုးတွေ့လူနာအများဆုံး တွေ့ရှိရတယ်လို့လည်း WSTVက နို၀င်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
‘ဝ’ဒေသမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပန်ဆန်းမြို့ တမြို့လုံးကို နိုဝင်ဘာ ၂၃ ရက်အထိ Lockdown ကာလသတ်မှတ်ကာ စစ်ဆေးနေပါတယ်။
Lockdown ကာလအတွင်း ပန်ဆန်း(ပန်ခမ်း)မြို့မှာရှိတဲ့ ကွာရန်တင်းဟိုတယ်တွေကို တစ်ရက်စာ အခန်းတစ်ခန်းခ စျေးနှုန်းကိုလည်း တရုတ်ငွေ ၁၈၀ ယွမ် သတ်မှတ်ထားပါတယ်။