စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွာသာယာကျေးရွာမှာ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လေးငယ် ၂ ဦးအပါအဝင် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ရွာသာယာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် ထွက်ပြေးကြစဉ် ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ယောက်ဟာ မြင်းကို အစာကျွေးနေစဉ် ပစ်ခံရတာကြောင့် နဖူးကို ကျည်ရှပ်ထိမှန်ခဲ့ပြီး ဒဏ်ရာက ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၄ နှစ်ခန့်အရွယ် ကလေးငယ်ကတော့ မျက်စိတည့်တည့်ကို ကျည်ဖောက်ဝင်သွားတာကြောင့် သေဆုံးသွားပြီဖြစ်ပြီး ရင်ညွန့်မှာ ထိမှန်ထားတဲ့သူတစ်ယောက်ကလည်း ဆေးကုသနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်ဘက်ကနေ အဖွဲ့ခွဲကာ ဖြန့်ကြက်လာကြတာဖြစ်ပြီး ယင်းမာပင်မြို့ရဲ့ အရှေ့ဘက်အရောက်မှာ ဆွဲမိုင်း ၁ လုံးထိမှန်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရသွားခဲ့တယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်မတော်(ယင်းမာပင်မြို့)နဲ့ BURMA REVOLUTION FORCE (Yinmarbin) အဖွဲ့တို့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။