အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီအနေနဲ့ ပါတီဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က တင်ပြလာတဲ့အတွက် ကော်မရှင်ရဲ့ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၁၆ ရက်ကစပြီး ပါတီကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။
ရန်ကုန်မှာ အခြေစိုက်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ( National Development and Peace Party ) ဟာ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် တည်ထောင်ထားတဲ့ ပါတီဖြစ်ပါတယ်။