စစ်ကိုင်းတိုင်း ခန္တီးမြို့မဘုန်းကြီးကျောင်း ကျောင်းဆောင်တစ်ဆောင် နိုဝင်ဘာ ၁၈ ရက်နေ့ညက မီးရှို့ခံရတယ်လို့ သိရပါတယ်။
"မနေ့ည ၁၀ နာရီလောက် မီးရှို့ခံရတယ်။ မြို့မဘုန်းကြီးကျောင်းဆောင်တစ်ဆောင်ပါ။ အဲဒီဆောင်ကျောင်းဆောင်မှာ ကျောင်းထိုင်ဆရာတော်အိပ်တယ်ထင်ပြီး မီးရှို့တယ်လို့ ထင်တယ်။ မနေ့က ဆရာတော်ကမရှိဘူး ပယင်းမှော်ကို ကထိန်သွားလိုက်တယ်။ အဲဒီအိပ်ကိုယ်ရင်တစ်ပါး ထိခိုက်သွားတယ်” လို့ မြို့မကျောင်းဆရာတော်တစ်ပါးက ပြောပါတယ်။
ခန္တီးမြို့မကျောင်းထိုင်ဆရာတော် ဦးကောဝိပါလဟာ စစ်ကောင်စီက အာဏာသိမ်းပြီး ခန္တီးပြည်သူနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ဦးဆောင်ပါဝင်သူ ဖြစ်ပါတယ်။
ကျောင်းဆောင်ကို ဘယ်သူက မီးရှို့သွားတယ်ဆိုတာ မသိရှိသေးပါဘူး။ ဆရာတော်ကျောင်းကို စစ်ကောင်စီတပ်တွေက မတ်လ ၂၀ ရက်နေ့လောက်က ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။