Home
မြန်မာသတင်း
အောင်ပန်းတွင် ဆိုင်ကယ်ဟွန်းအဆက်မပြတ်တီးသူတစ်ဦး စစ်တပ်က ရိုက်နှက်မှုကြောင့် သေဆုံး
DVB
·
November 19, 2021

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်မှာ အရက်မူးပြီး ဆိုင်ကယ်ဟွန်းအဆက်မပြတ်တီးသူတစ်ဦး စစ်တပ်က ဖမ်းဆီးရိုက်နှက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်ညက ဆိုင်ကယ်ဟွန်းအဆက်မပြတ်တီးပြီး ရပ်ကွက်ထဲ ပတ်စီးနေတဲ့ ကိုကျော်စိုးဝင်းကို အကြမ်းဖက်စစ်ကောင်တပ်က ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် နိုဝင်ဘာ ၁၈ ရက်မနက်က သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

"ညက သေနတ်သံ နှစ်ချက်ကြားရတယ်။ မနက်ကျတော့ ကိုကျော်စိုးဝင်း သေဆုံးတာ သိရတယ်။ သူ့မိသားစုကိုတော့ အလောင်းပြန်မပေးသေးဘူး။ ရိုက်နှက်လို့သေတာလား၊ သေနတ်နဲ့ပစ်တာလား အလောင်းမရသေးတော့ မသိရဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်ထဲက စာသင်ကျောင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024