Sunday, May 28, 2023
HomeCOVID19တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၉၀ နီးပါး၊ ထပ်မံသေဆုံးသူ ၁၄ ဦးရှိ

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၉၀ နီးပါး၊ ထပ်မံသေဆုံးသူ ၁၄ ဦးရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၉၀ နီးပါးနဲ့ ထပ်မံသေဆုံးသူ ၁၄ ယောက်ရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၉,၉၈၅ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅၈၇ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒသမ  ၉၄ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၁၀၈ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၅၁၆,၁၄၆ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၉၈၉ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၁၆ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံ ပြီးသူ ၅ ဒသမ ၀၁ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၀ ဒသမ ၀၂ သန်းကျော်နဲ့ စုစု ပေါင်း ၁၅ ဒသမ ၀၄ သန်းကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular