အက်စတိုးနီးယားအစိုးရက ရုရှားနယ်စပ်သို့ အရန်စစ်သည် အင်အား ၁၇၀၀ ဆင့်ခေါ်

အက်စ်တိုးနီးယားအစိုးရဟာ ရုရှားနိုင်ငံနဲ့ နယ်စပ်က ကီလိုမီတာ ၄၀ ရှည်တဲ့ နယ်စပ်တလျှောက်မှာ ဘလိတ်ဓား ဆူးကြိုးတပ်ဆင်ဖို့ အပါအဝင် ကြိုတင် မကြေညာတဲ့ လုပ်ဆောင်ချက်အတွက် အရန်စစ်သည် အင်အား ၁၇၀၀ ကို နိုဝင်ဘာ ၁၇ ရက်က ဆင့်ခေါ်လိုက်ပါတယ်။

အိမ်နီးချင်း ဘီလာရုစ်နိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေအရေးကိစ္စ အကျပ်အတည်းက ပိုအရှိန်မြင့်လာနေတာပါ။

ဘီလာရုစ်အစိုးရဟာ သူတို့အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ဥရောပသမဂ္ဂကို လက်စားချေတဲ့အနေနဲ့ ဥရောပသမဂ္ဂ EU နဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ လစ်သူယေးနီးယားနိုင်ငံနဲ့ လတ်ဗီယားနိုင်ငံတွေကိုထဲကို ဖြတ်သန်းဝင်ရောက်ဖို့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ထောင်ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အားပေးခဲ့တယ်လို့ EU က စွပ်စွဲ ထားပါတယ်။ ဘီလာရုစ်အစိုးရကတော့  ဒီ စွဲချက်ကို ငြင်းထားပါတယ်။

မနှစ်က ရွေးကောက်ပွဲအပြီး ဆန္ဒပြသူတွေကို ဘီလာရုစ် အစိုးရက နှိမ်နင်းခဲ့တဲ့နောက်မှာ EU ဟာ ဘီလာရုစ် သမ္မတ လူကာရှန်ကိုနဲ့ ဒါဇင်နဲ့ချီတဲ့ ဘီလာရုစ်အစိုးရအရာရှိတွေကို နာမည်ပျက် စာရင်းသွင်းထားပြီး ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့ ထားပါတယ်။

ခုတော့ နယ်စပ် အကျပ်အတည်း နောက်ကွယ်မှာ လူကုန်ကူးမှုလို့ အီးယူက ခေါ်တဲ့ ရွှေ့ပြောင်း နေထိုင်သူတွေပြဿနာအတွက် နောက်ထပ် ဒဏ်ခတ်တဲ့ အနေနဲ့ လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် ဒဏ်ခတ်မှု တိုးချဲ့ ထားပါတယ်။ 

More News
Up