ယူကရိန်းနယ်စပ်၌ စစ်အင်အား တိုးချဲ့နေသည့်ရုရှားကို အမေရိကန် မေးခွန်းထုတ်

2.2K
ယူကရိန်းနယ်စပ်နားမှာ စစ်အင်အား တိုးချဲ့တည်ဆောက်နေတဲ့ ရုရှားဟာ ဘာတွေ ဖြစ်ချင်နေတာလဲဆိုတာ မသေချာဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
ရုရှားဆီက နှောက်ယှက်တဲ့ အပြုအမူကို အမေရိကန်က မြင်နေရတယ်လို့လည်း သူက ပြောပါတယ်။
မစ္စတာပူတင် ဘာဖြစ်နေတယ်ဆိုတာ အတိအကျ သေသေချာချာ မသိပေမယ့် ဒီလှုပ်ရှားမှုဟာ ကျနော်တို့ရဲ့ အာရုံစိုက်မှုကို ရတာတော့ သေချာပြီး ပိုပြီး ပွင့်လင်းမြင်သာဖို့ ရုရှားကို တိုက်တွန်း ချင်တယ်လို့ အော်စတင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။