Home
မြန်မာသတင်း
မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသား ၁ ဦး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
DVB
·
November 17, 2021

မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ခန့်မင်းထိန်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့   မိတ္ထီလာ အကျဉ်းထောင်တွင်း တရားရုံးကနေ  နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထောင်ဒဏ်  ၃ နှစ်ချလိုက်တယ်လို့ သူ့ရဲ့ မိသားစု အသိုက်အဝန်းက သိရပါတယ်။

ကိုအောင်ခန့်မင်းထိန်ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက "နည်းပညာတက္ကသိုလ်စတုတ္ထနှစ် တက်နေသူပေါ့။ မေလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားတာ။ အဲဒီနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ထောင်သုံးနှစ် ချလိုက်တာ။ အမိန့်ချတဲ့နေ့ဟာ အချုပ်ခံထားရတာ  ၆ လပြည့်တဲ့နေ့ပဲ" လို့ ပြောပါတယ်။ 

ကိုအောင်ခန့်မင်းထိန်ရဲ့ ဖခင်ဟာလည်း စစ်ကောင်စီတွေက လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရတယ် လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့သတင်းထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ ၁ ရက်ကနေ  နိုဝင်ဘာလ ၁၆ရက် အထိ စစ်ကောင်စီက ဖမ်းဆီချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇၂၉၁ ဦးရှိနေပြီး ၂၈၉ဦးကို ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024