အိန္ဒိယသံတမန် ဖမ်းဆီးမှုအပေါ် အမေရိကန်အစိုးရနဲ့ သံတမန်ရေးအရ ဖြေရှင်းနိုင်ရန် မျှော်လင့်

အိန္ဒိယနိုင်ငံ ဒေလီရှိ အမေရိကန်သံရုံး (ဓာတ်ပုံ - ရိုက်တာ)
အိန္ဒိယသံတမန်ရဲ့ ကိုယ်ခန္ဓာကို ရှာဖွေမှုနဲ့ ဖမ်းဆီးမှုအပေါ် အိန္ဒိယအစိုးရဟာ အမေရိကန် အစိုးရနဲ့ သံတမန်ရေးကဏ္ဍကနေ ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဒုဝန်ကြီးက ဇန်န၀ါရီ ၁၁ ရက်က ပြောဆိုလိုက်ပါတယ်။ [caption id="attachment_50093" align="alignnone" width="300"]အိန္ဒိယနိုင်ငံ ဒေလီရှိ အမေရိကန်သံရုံး (ဓာတ်ပုံ - ရိုက်တာ) အိန္ဒိယနိုင်ငံ ဒေလီရှိ အမေရိကန်သံရုံး (ဓာတ်ပုံ - ရိုက်တာ)[/caption]အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယ ဒုကောင်စစ်ဝန်ချုပ် ဒဲ့ဗ်ယာနီ ခိုဘရာဂါဒီ ဟာ ဒီဇင်ဘာလက ဗီဇာအတုလုပ်မှု၊ အိမ်သုံးစရိတ်ကို အမေရိကန် အာဏာပိုင်တွေကို လိမ်ပြောမှုတွေနဲ့ အဖမ်းခံခဲ့ရ တာပါ။ သူ့ကိုဖမ်းဆီးမှုနဲ့ ရှာဖွေမှုတွေအတွက် အိန္ဒိယနိုင်ငံတလွှား ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဆက်ဆံရေးတိုးမြှင့်မယ့် အမေရိကန်ရဲ့ အားထုတ်မှုတွေကိုလည်း အပြင်းအထန် ထိခိုက် ခဲ့ပါတယ်။ ခိုဘရာဂါဒီ ဟာ ပြည်ထောင်စုတရားရုံးမှာ စွဲချက်တင် ခံရအပြီး အပေးအယူ တခုနဲ့ အမေရိကန် အစိုးရက သူ့ကိုနိုင်ငံက ထွက်ခွာခွင့် ပေးလိုက်လို့ ဇန်န၀ါရီ ၁၀ ရက်နေ့မှာ အိန္ဒိယမြို့တော် နယူးဒေလီကို ပြန်ရောက်လာပါတယ်။ သူဟာ ပြန်ရောက်ချိန်က အိန္ဒိယကနေ ရလိုက်တဲ့ ထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောပေမယ့် တခြား မှတ်ချက်တွေကိုတော့ မပြောခဲ့ပါဘူး။ သူ့ကို အရေးယူမှုက နိုင်ငံခြားရေး ၀န်ကြီးဌာနအနေနဲ့ ဒေါသူပုန်ထစရာ ဖြစ်ခဲ့ပြီး အမေရိကန်နဲ့ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေကို ဖြစ်ပွားစေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up