စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ မြင်းစီးကျေးရွာက အပြစ်မဲ့ပြည်သူ တယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၅ ရက် ည ၁၀ နာရီလောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ ကျေးရွာကို ည ၈ နာရီကနေ မနက် ၅ နာထိ အိမ်အပြင်မထွက်ရ အမိန့်လည်း ထုတ်ထားတယ်။ အဲဒီအချိန်အတွင်းတွေ့ရင် သေနတ်နဲ့ပစ်သတ်မယ်လို့လည်း အသံချဲစက်နဲ့ ကြေညာထားတယ်။ ပျူစောထီးအဖွဲ့တွေကတော့ သေနတ်လွယ်ပြီး ရွာအတွင်းလှည့်လည်နေ ကြတာ။ အဲဒီကောင်တွေက ရွာတင်မကဘူး၊ အနီးပတ်ဝန်းကျင်ရွာတွေပါ ဒုက္ခပေးနေတာ သူတို့မကျေနပ်တဲ့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရွှေဘိုမြို့နယ်ဟာ ပျူစောထီးအဖွဲ့ဝင် အမြောက်အမြားရှိပြီး ပတ်ဝန်းကျင်မြို့နယ်တွေအထိ စစ်ကောင်စီတပ်နဲ့ပူးပေါင်းကာ ပြည်သူလူထုတွေရဲ့နေအိမ် နဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီး ယူငင် တာတွေ အဓိကပြုလုပ်နေတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာမှာ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရပြီး အခုလည်း NLD လက်ထပ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူရဲ့ညီ ဦးမောင်အောင် နေအိမ်ကို မီးရှို့ခဲ့တာလို့သိရပါတယ်။