အိန္ဒိယနိုင်ငံမှ အမေရိကန် သံတမန် ပြန်လည် ခေါ်ယူ

အိန္ဒိယသံတမန် ခိုဘရားကတေ
အိန္ဒိယသံတမန် ခိုဘရားကတေ အိန္ဒိယနိုင်ငံကို ဇန်န၀ါရီလ ၉ ရက်နေ့က ပြန်သွားအပြီးမှာ အဆင့်တူ အမေရိကန်သံတမန်တဦးကိုလည်း ပြန်ခေါ်ဖို့ အိန္ဒိယရဲ့ တောင်းဆိုမှုကို အမေရိကန်က သဘောတူခဲ့ပါတယ်။ အိန္ဒိယသံတမန် ခိုဘရားကတေဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့ ညပိုင်းက ဒေလီမြို့ကို ပြန်ရောက်လာပါတယ်။ [caption id="attachment_50066" align="alignleft" width="300"]အိန္ဒိယသံတမန် ခိုဘရားကတေ အိန္ဒိယသံတမန် ခိုဘရားကတေ[/caption]အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အဆင့်တူသံတမန်ကို ပြန်ခေါ်ဖို့ သဘောတူခဲ့ပေမယ့် သံတမန်ရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂျမ်း ပါစကီက အခုလို သံတမန် အပြန်အလှန် ပြန်ရုပ်သိမ်းမှုတွေအတွက် စိတ်မကောင်းကြောင်းနဲ့ ဒီကိစ္စ ပြီးဆုံးသွားဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယ ဒုတိယအတွင်းဝန် ခိုဘရားကတေ ဟာ ဗီဇာအတုပြုလုပ်မှု၊ အိမ်အကူလုပ်သားကို လုပ်ခလစာ လျော့ပေးမှုတွေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၉ ရက်နေ့က နယူးယောက်မြို့ မန်ဟတ်တန် တရားရုံးမှာ ရုံးတင်ခဲ့ပြီး အိန္ဒိယနိုင်ငံကို ပြန်ခိုင်းလိုက်တာဖြစ်ပါတယ်။ အိန္ဒိယအစိုးရဟာ ဒေလီမြို့ အမေရိကန်သံရုံးဝန်းထဲက အမေရိကန်တွေရဲ့ ကလပ်ကိုလည်း ပိတ်ခိုင်းခဲ့ပါတယ်။ အသက် ၃၉ နှစ် ခိုဘရားကတေရဲ့ အမေရိကန် အမျိုးသားနဲ့ ခလေးနှစ်ဦးကတော့ အမေရိကန်နိုင်ငံမှာပဲ ကျန်ခဲ့ပါတယ်။

//
More News
Up