ကိဗ်မြို့ ဆန္ဒပြပွဲ ဖြိုခွင်းမှုအတွင်း ယခင် ပြည်ထဲရေးဝန်ကြီး ဒဏ်ရာရ

Photo by Reuters
ယူကရိန်းမြို့တော် ကိဗ်မှာ သောကြာနေ့ ညပိုင်း နဲ့ စနေနေ့ နံနက်ပိုင်းမှာ လုံထိန်းရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ယခင်ပြည်ထဲရေးဝန်ကြီး အပါအ၀င် ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ [caption id="attachment_50054" align="alignleft" width="300"]Photo by Reuters Photo by Reuters[/caption]ပြည်ထဲရေးဝန်ကြီး ယူရေ လတ်ဆင်ကို ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက သမတ ဗစ်တာ ရနိုကိုဗစ် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က ပြန်လွတ်လာခဲ့တာပါ။ ၂၀၁၁ ခုနှစ်က ဆိုဗီယက်ခေါင်းဆောင် လီနင်ရဲ့ ရုပ်ထုကို ဖောက်ခွဲဖို့ ကြိုးစားမှုနဲ့ လူ ၃ ဦးကို ထောင်ဒဏ် ၆ နှစ်ချလိုက်ရာက ပဋိပက္ခဟာ စတင်ခဲ့တာဖြစ်ပါတယ်။ အီးယူနဲ့ ပူးပေါင်းဖို့ကမ်းလှမ်းတာကို လက်မခံပဲ ရုရှားနိုင်ငံနဲ့ ပိုမိုနီးစပ်ဖို့ ကြိုးစားခဲ့တဲ့ ယူကရိန်းသမတ ဗစ်တာ ရနိုကိုဗစ် ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။ ဆန္ဒပြသူတွေဟာ လုံထိန်းရဲတွေကို ပိတ်ဆို့ထားခဲ့ပြီး သူတို့ရဲ့မျက်နှာကို သတင်းသမားတွေကို ဖွင့်ပြဖို့ သဘောတူပြီးမှ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

//
More News
Up