Home
မြန်မာသတင်း
ရွှေတိဂုံကို တန်ဆောင်မုန်းလပြည့်နှင့် အဖိတ်နေ့များတွင် ည ၇ နာရီထိ ဖွင့်လှစ်မည်
DVB
·
November 15, 2021

ရွှေတိဂုံစေတီတော်ကို လာမယ့် နိုဝင်ဘာ ၁၇ ရက် တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့နဲ့ ၁၈ ရက် လပြည့်နေ့တွေမှာ မနက် ၅ နာရီကနေ  ည ၇ နာရီထိ ဖွင့်လှစ်ထားမယ်လို့ ဂေါပကအဖွဲ့က ကြေညာထားပါတယ်။

ဒါပေမဲ့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှစ်စဉ် ကြီးမှူးကျင်းပမြဲဖြစ်တဲ့ မသိုး သင်္ကန်းရက်လုပ်ပြိုင်ပွဲကိုတော့ အခုနှစ်မှာ ကျင်းပပြုလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လခွဲ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ခုလိုအခြေအနေတွေကြား လူစုလူဝေးနဲ့ ဘုရားဖူးထွက် ပျော်ပါးသွားလာနေကြတာတွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်းက ချောင်းသာနဲ့ ငွေဆောင်လို ပင်လယ်ကမ်းခြေတွေမှာလည်း တန်ဆောင်တိုင်ပိတ်ရက် ဟိုတယ် ဘွတ်ကင်လုပ်ထားသူတွေနဲ့ ပြည့်နေတယ်လို့လည်း သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေကို စစ်မျက်နှာဖွင့်ပြီး တိုက်ဖို့အတွက် ပြည် သူတွေအနေနဲ့ မလိုအပ်ဘဲခရီးမသွားကြဖို့ကို NUG အစိုးရကရော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပါ  ထုတ်ပြန်ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024