Sunday, June 11, 2023
HomeLead Storyမအူပင်မြို့နယ်၌ အန်အယ်လ်ဒီ ပါတီဝင်များကို စစ်ကောင်စီက ဖမ်းဆီး ဒဏ်ငွေ ၅၀,၀၀၀ ရိုက်

မအူပင်မြို့နယ်၌ အန်အယ်လ်ဒီ ပါတီဝင်များကို စစ်ကောင်စီက ဖမ်းဆီး ဒဏ်ငွေ ၅၀,၀၀၀ ရိုက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ကျေးရွာတချို့မှာ  အန်အယ်လ်ဒီ ပါတီဝင်ထားသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဒဏ်ငွေ ၅၀၀၀၀ ဒဏ်ရိုက်နေတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

အောင်ဟိတ်ကျေးရွာနဲ့ ကျွဲဂတ်ကျေးရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပေါင်းပြီး နိုဝင်ဘာလ ဒုတိယပတ်လောက်က စတင်ကာ ရွာထဲက လူငယ် ၈ ဦးလောက်ကို ဖမ်းပြီး အန်အယ်လ်ဒီ ပါတီဝင်ထားသူလို့ စွပ်စွဲကာ ဒဏ်ရိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အသစ်တွေ ပါဝါပြချင်တာလည်း ပါမှာပေါ့။ အဲဒီနှစ်ရွာမှာ လုပ်ချင်တိုင်း လုပ်နေတာ။ အရင်ဆုံး ပါတီဝင်လို့ဆိုပြီးဖမ်းတာ။ ပြီးမှ တစ်ယောက် ငါးသောင်း တောင်းပြီး ပြန်လွှတ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

အန်အယ်လ်ဒီပါတီဝင်ထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၈ ဦးကို ငွေ ၅၀,၀၀၀ စီတောင်းပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီဩဇာခံ ရဲတွေ ပူးပေါင်းကာ ဒေသခံပြည်သူတွေကို လမ်းသွားလို့ ဖိနပ်မပါရင် ဒဏ်ရိုက်တာတွေ လမ်းပြောင်းပြန်လျှောက်ရင် ဒဏ်ရိုက်တာတွေစတဲ့ ဖိနှိပ်မှုမျိုးစုံနဲ့ ဒေသခံပြည်သူတွေကို ဉပဒေမဲ့ အနိုင်ကျင့်နေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular