ဆိပ်ဖြူတွင် မိလ္လာကျင်းသစ်တူးရာမှ ကျင်းဟောင်းပေါက်ပြီး ၂ ဦး သေဆုံး
DVB
·
November 14, 2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြုမြို့နယ်၊ ကိုးတောင့်ကျေးရွာမှာ မိလ္လာကျင်းအသစ်တူးရာမှ ကပ်လျက်ရှိ ကျင်းဟောင်းပေါက်မှုဖြစ်ပွားတာကြောင့် အမျိုးသား ၂ ဦး နစ်မြုပ်သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီနေရာကို ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပေမယ့် ၂ ဦးလုံး သေဆုံး သွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားသူ ၂ ဦးကို သင်္ဂဟလူမှုကူညီရေးအသင်းယာဉ်နဲ့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။