အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်း၊ စီလာကပ်မြို့မှာရှိတဲ့ အစိုးရပိုင်ရေနံနဲ့ ဓာတ်ငွေ့ ကော်ပိုရေးရှင်း ပါတာမီနာလက်အောက်ခံ ရေနံချက်စက်ရုံမှာ လောင်စာ သိုလှောင်ကန် မီးလောင်ခဲ့တယ်လို့ ကုမ္ပဏီက နိုဝင်ဘာ ၁၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
စက်ရုံကမီးကို ငြှိမ်းသတ်ဖို့နဲ့ တခြားကို မီးမကူးအောင် အထူးကြပ်မတ် ကြိုးစားနေပြီး ရေနံချက်စက်ရုံနဲ့ အနီးဆုံးမှာနေတဲ့ ဒေသခံတွေကို ပိုဘေးကင်းတဲ့ နေရာဆီ ရွှေ့ဖို့ လုပ်နေတယ်လို့ လည်း ပြောပါတယ်။
ဒေသတွင်း ပြည်သူတွေ ဘေးကင်းရေး သေချာစေဖို့ လုပ်နေတယ်လို့လည်း ပြောပါတယ်။
မီးဟာ ဒေသစံတော်ချိန် ညနေ ၇နာရီ မိနစ် ၂၀ မှာ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ပါတာမီနာက ပြောပါတယ်။
မီးဟာ ရေနံလှောင်ကန်ကိုသာ လောင်ပြီး ရေနံချက်စက်ရုံကို ပိတ်ချဖို့ လိုအပ်မလားဆိုတာ မဆုံးဖြတ်ခင် ကုမ္ပဏီက စောင့်ကြည့်နေတယ်လို့ ပါတာမီနာရဲ့ ပြောခွင့်ရက ပြောပါတယ်။
စီလာကပ် မြို့က ရေနံချက် စက်ရုံဟာ ပါတာမီနာရဲ့ အကြီးဆုံး ရေနံချက် စက်ရုံတွေထဲက တရုံပါ။ တရက်ကို ရေနံစိမ်းစည် ၃၄၈,၀၀၀ ထိ ချက်လုပ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။