တာလီဘန်တွေ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ပါကစ္စတန် ရဲမှူးကြီး သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချီမြို့က တာလီဘန်ဆန့်ကျင်ရေးမှာ နာမည်ကြီးတဲ့ ရဲမှူးကြီး ချောင်ဒရီ အစ္စလာမ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့မှာ တာလီဘန်တွေရဲ့ ကားဗုံးခွဲ လုပ်ကြံမှုအတွင်း သေဆုံးခဲ့ပါတယ်။ Pakistan Officer 4တာလီဘန်တွေက ဗုံးဖောက်ခွဲမှုဟာ သူတို့လက်ချက်လို့ ကြေညာပြီး အောင်ပွဲခံ လိုက်ပါတယ်။ ချောင်ဒရီ အစ္စလာမ်နဲ့အတူ အခြား ရဲအရာရှိ ၃ ဦးလည်း သေဆုံးခဲ့ပြီး အခြား ရဲအမှုထမ်း အနည်းဆုံး ၁၀ ဦးလည်း ဒဏ်ရာရခဲ့ကြပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ဖ်နဲ့ သမ္မတ မန်နွန်း ဟတ်ဆင်းတို့က ဗုံးဖောက်ခွဲမှုကို အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ ၂၀၁၁ ခုနှစ်က ရဲမှူးကြီးရဲ့ အိမ်မှာ ကားဗုံးကွဲမှု ဖြစ်ခဲ့ပြီး လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။ ရဲမှူးကြီး ချောင်ဒရီ အစ္စလာမ်ဟာ အဲဒီ လုပ်ကြံမှုအပါအ၀င် တာလီဘန်တွေရဲ့ လုပ်ကြံမှု ၈ ကြိမ်ကနေ လွတ်မြောက်ခဲ့ပါတယ်။ ကရာချီမြို့ဟာ လူဦးရေ ၁၈ သန်း ရှိပြီး ကမ္ဘာ့မှာ အကြမ်းဖက်မှု အဆိုးဆုံး ဖြစ်နေတဲ့ မြို့တမြို့ ဖြစ်သလို နေ့တိုင်း အလောင်း ၁၂ အလောင်းကို ရဲက ပုံမှန် ကောက်နေရသလို ရဲ ၂၀၀ လောက်လည်း မနှစ်က အသတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up