Live
Home
မြန်မာသတင်း
သာသနာရေးအမည်ပျက်ဝန်ထမ်းများစာရင်း NUG ထုတ်ပြန်
DVB
·
November 13, 2021

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အပါအဝင် ဝန်ထမ်းအကြီးအကဲ ၁၉ ယောက်ကို နိုင်ငံ့သစ္စာဖောက်အဖြစ် အ မည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း  အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က နိုဝင်ဘာ ၁၂ ရက် ရက်စွဲနဲ့  ကြေညာပါတယ်။

အဆိုပါထုတ်ပြန်ချက်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မ ဘက်မှရပ်တည်ကာ ပြည်သူနဲ့တသားတည်းဖြစ်စေဖို့နဲ့ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ကြစေဖို့ အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အောက်တိုဘာလမှစတင်ပြီး အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါ ဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးတဲ့ ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ် ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ တရားစွဲဆိုတာ၊ ဉပဒေနဲ့အညီ ပြန်ဆပ်ဖို့ မလို တော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်ဆပ်ခိုင်းတာတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ဖော်ပြပါ ဝန်ထမ်းတွေကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည် ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အ တွင်းဝန် ဦးမြင့်ဦးအပါအဝင် သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်ကားပြန့်ပွား ရေးဦးစီးဌာန၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွေစတဲ့ ဌာနတွေက ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးတွေအထိ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူ တွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ် နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အ ရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံး ပြည်သူ ၁,၂၆၀ နီးပါးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၀,၀၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024