တောင်ဆူဒန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရက ဖမ်းဆီးထားသူတွေ လွှတ်ပေးရန် ငြင်းဆန်

တောင်ဆူတန်ရှိ ဒုက္ခသည်စခန်းတခုကို ဇန်န၀ါရီလ ၄ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ - ရိုက်တာ)
တောင်ဆူဒန်တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အစိုးရက ဇန်န၀ါရီ ၈ ရက်နေ့က ငြင်းဆန်ခဲ့တာကြောင့် နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။ [caption id="attachment_49992" align="alignleft" width="300"]တောင်ဆူတန်ရှိ ဒုက္ခသည်စခန်းတခုကို ဇန်န၀ါရီလ ၄ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ - ရိုက်တာ) တောင်ဆူတန်ရှိ ဒုက္ခသည်စခန်းတခုကို ဇန်န၀ါရီလ ၄ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]၃ ပတ်ကြာလာပြီဖြစ်တဲ့ လက်ရှိ သမ္မတရဲ့ အစိုးရတပ်တွေနဲ့ ဒုသမ္မတဟောင်းကို သစ္စာခံတဲ့တပ်တွေရဲ့ တိုက်ပွဲတွေဟာ လူမျိုးရေးတိုက်ပွဲအသွင် ဆောင်ခဲ့ပြီး အနည်းဆုံးလူ ၁ ထောင်လောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ပထမဆုံးအကြိမ်အဖြစ် အီသီယိုးပီးယားနိုင်ငံ အာဒီးအာဘာဘာမြို့မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ မနှစ်က ဖမ်းဆီးထားသူ ၁၁ ဦးကို ပြန်လွှတ်ပေးဖို့ သူပုန်တွေဖက်က တောင်းဆိုခဲ့ ကြတာကြောင့် ညှိနှိုင်းရေးအဖွဲ့ဟာ ဂျူးဘားမြို့တော်ကို သွားပြီး တောင်ဆူဒန်အစိုးရနဲ့ ညှိနှိုင်းခဲ့ပါတယ်။ သူပုန်ကိုယ်စားလှယ်ခေါင်းဆောင်က ဖမ်းဆီးထားသူတွေကို မိသားစုဝင်တွေကိုလည်း တွေ့ဆုံခွင့် မပေးကြောင်းနဲ့ ဖမ်းဆီးထားသူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်ဆိုင်းရေးနဲ့ တပ်နေရာကိစ္စတွေ ဆွေးနွေးဖို့ ရှိပေမယ့် တဖက်ကိုယ်စားလှယ်တွေက ဂျုးဘားမြို့ကိုသွားရောက်နေတဲ့ ညှိနှိုင်းရေးအဖွဲ့ကို စောင့်နေကြလို့ ဆွေးနွေးပွဲ ဆက်မဖြစ်သေးဘူးလို့ အစိုးရကိုယ်စားလှယ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။ အာဖရိကတိုက်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ်တခုကနေ ပေါက်ဖွားလာတဲ့ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ် ဆူဒန်နိုင်ငံက လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

//
More News
Up