Saturday, June 3, 2023
HomeLead Storyတောင်ကိုရီးယားတွင် ဆိုးလ်နှင့်လေဆိပ်ကိုပြေးဆွဲမည့် နှစ်ယောက်စီးယာဉ်ပျံ သရုပ်ပြ

တောင်ကိုရီးယားတွင် ဆိုးလ်နှင့်လေဆိပ်ကိုပြေးဆွဲမည့် နှစ်ယောက်စီးယာဉ်ပျံ သရုပ်ပြ

တောင်ကိုရီးယားနိုင်ငံမှာ မြို့ပြ လေကြောင်း သွားလာရေးယာဉ် (UAM) အတွက် စနစ်တရပ်ကို နိုဝင်ဘာ ၁၁ ရက်မှာ သရုပ်ပြခဲ့ပါတယ်။

အငှားယာဉ်အဖြစ် အဓိက လေဆိပ်တွေနဲ့ ဆိုးလ်မြို့တော် မြို့လယ်ကို ၂၀၂၅ မှာ အစောဆုံး ပြေးဆွဲပြီး ခရီးသွားချိန်ကို သုံးပုံနှစ်ပုံထိ လျှော့ချနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

ဂျာမနီနိုင်ငံက ဗိုလိုကော့ပ်တာလုပ်ငန်းက ထုတ်လုပ်တဲ့ ၂ ယောက်စီးယာဉ်ကို ဆိုးလ်မြို့တော်က ဂျင်မ်ပိုလေဆိပ်မှာ လေယာဉ်မှူးက စမ်းသပ်ပျံသန်းပြခဲ့တာပါ။

ယာဉ်ရဲ့ ထိန်းချုပ် ညှိနှိုင်းပုံကိုလည်း သရုပ်ပြခဲ့ပြီး ရဟတ်ယာဉ်နဲ့ပုံစံတူ ဒလက်တွေရဲ့ အားနဲ့ ဒေါင်လိုက် အတက်အဆင်း လုပ်နိုင် ဆင်းသက်နိုင်တဲ့ ဒီယာဉ်ကို မောင်းသူနဲ့ရော မောင်းသူ မပါဘဲအလိုအလျောက် စနစ်နဲ့ပါ သရုပ်ပြခဲ့တာပါ။

တောင်ကိုရီးယား အစိုးရဟာ ၂၀၂၅ ခုနှစ်မှာ မြို့ပြ လေကြောင်းခရီးစဉ်ကို စီးပွားဖြစ် ပျံသန်းမှု စတင်ဖို့ လမ်းပြ မြေပုံတရပ်ကို မနှစ်က ကြေညာခဲ့ပါတယ်။

ဒီဝန်ဆောင်မှုဟာ မိုင် ၂၀-၃၀ လောက် အကွာအဝေးအတွက် ကားနဲ့ တနာရီ ကြာအောင် သွားမယ့်အစား လေကြောင်းကနေ သွားခဲ့ရင် မိနစ် ၂၀ လောက်ပဲ ကြာအောင် အချိန်လျော့ချ ပေးနိုင်ဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထားခဲ့တာပါ။

အင်ချုံနိုင်ငံတကာလေဆိပ်ကနေ ဆိုးလ်မြို့တော် မြို့လယ်ထိ ခရီးကို ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၉၃ ဒေါ်လာနဲ့ ညီမျှတဲ့ ကိုရီးယားဝမ် ၁ သိန်း ၁ သောင်း ကျသင့်မယ်လို့ မျှော်လင့်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular