အာဆင်နယ်အသင်းနဲ့အတူ ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါးရဲ့ အောင်မြင်မှုက အရာရာထက်သာလွန်ကြောင်း နည်းပြဖာဂူဆန်ကချီးကျူးပါတယ်။
အာဆင်နယ် အသင်းရဲ့ရှုံးပွဲမရှိချန်ပီယံအကြောင်း မှတ်တမ်းရုပ်ရှင်ကို ဥရောပမှာပြသနေချိန် ဖာဂူဆန်က ဝင်းဂါးကို ချီးကျူးခဲ့တာပါ။
“ကျနော် လိဂ်ဖလား ၁၃ ကြိမ်ရခဲ့ဖူးပေမယ့် တစ်ရာသီလုံး ရှုံးပွဲမရှိမှတ်တမ်းရဖို့ တစ်ကြိမ်မှ နီးစပ်မှုတောင်မရှိခဲ့ပါဘူး။ အရာရာထက်သာလွန်တဲ့အောင်မြင်မှုက အာဆင်းရဲ့ရှုံးပွဲမရှိ ချန်ပီယံ ဆုဖလားပါပဲ” လို့ ဖာဂူဆန်က မှတ်တမ်းရုပ်ရှင်နဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ အာဆင်နယ်ကို အွန်နရီ ရောက်ရှိလာတဲ့အချိန်ကစပြီး အာစင်ဝင်းဂါးနဲ့ ပိုမိုပြင်းထန်တဲ့ ပြိုင်ဘက်ကောင်းတွေ ဖြစ်လာခဲ့တယ်လို့ ဖာဂူဆန်က ပြောပါတယ်။
အာဆင်ဝင်းဂါးအနေနဲ့ အွန်နရီကို တိုက်စစ်မှူးအနေနဲ့ ဖန်းတီးလုပ်ဆောင်ပြီး သွင်းဂိုးတွေလည်း ရခဲ့လို့ နှစ်သက်စရာဖြစ်ခဲ့ကြောင်း၊ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ ရာသီက အာဆင်နယ်အသင်းဟာ တခြားအသင်းတွေထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ရှိခဲ့ကြောင်း ဖာဂူဆန်က ချီးကျူးခဲ့ပါတယ်။