၃ နှစ်အရွယ်ဗြိတိန်-ဂျာမန် ကပြား ကလေးငယ် မီးလောင်သေဆုံးမှု ပေါ်တူဂီရဲတပ်ဖွဲ့ စုံစမ်းနေ

ပေါ်တူဂီနိုင်ငံ၊ လစ်ဇ်ဘွန်းမြို့တောင်ပိုင်း ကီလိုမီတာ ၁၀၀ အကွာ ကျေးလက်ဒေသနားက မီးလောင်နေတဲ့ ကားထဲမှာ အသက် ၃ နှစ်အရွယ် ဗြိတိန်-ဂျာမန် ကပြား ယောက်ျားလေး တယောက်ရဲ့ မီးကျွမ်းနေတဲ့ အလောင်းကို ရဲတွေဟာ  ရှာတွေ့ခဲ့ပါတယ်။

အနားမှာတော့ သူ့ဖခင် အလောင်းကိုလည်း  ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့အတူ တွေ့ခဲ့တာပါ။ ဒါဟာ လူသတ်ပြီး သူ့ကိုယ်သူ သတ်သေတဲ့အမှုလို့ ယုံကြည်ကြောင်း ဒေသခံ အာဏာပိုင်တွေက နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။

သူတို့ရဲ့ အလောင်းကို တနင်္ဂနွေနေ့က တွေ့ခဲ့ပြီး ပေါ်တူဂီ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ရဲဌာနက ကိုင်တွယ်နေတယ်လို့ ဒေသခံရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

လဇ်ဘွန်းမြို့မှာ ရှိတဲ့ ဗြိတိန်သံရုံးကလည်း ဗြိတိန်-ဂျာမန် နိုင်ငံသား ၂ ရပ် ခံယူထားတဲ့ကလေးငယ် ပေါ်တူဂီမှာ ဝမ်းနည်းစရာ သေဆုံးမှုအတွက် မိသားစုကို ကူညီပံ့ပိုးနေတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ကလေးရဲ့ ဖခင်က ဂျာမန်နိုင်ငံသား ဗိသုကာ တယောက် လို့ ဒေသခံ မီဒီယာက ဖော်ပြပါတယ်။ ဗြိတိန်နိုင်ငံသူ မိခင်က သူ့သား ပျောက်နေတယ်လို့ လွန်ခဲ့တဲ့ တပတ်က တိုင်ကြားထားကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။

သူတို့ဇနီးမောင်နှံဟာ ဒီနှစ်အ စောပိုင်းမှာ ကွာရှင်းခဲ့ပေမယ့် ၂ယောက်စလုံး ပေါ်တူဂီမှာပဲ နေကြတယ် အရင်အပတ်က ဖခင်က သားကို မိခင်ရဲ့အိမ်ကနေ လာခေါ်သွားပြီး ပြန်မလာခဲ့ဘူးလို့ ပေါ်တူဂီ သတင်းစာက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up