Home
မြန်မာသတင်း
မန္တလေးတွင် အရံမီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ
DVB
·
November 10, 2021

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်အရန်မီးသတ်က တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၉ ရက် ည ၈ နာရီဝန်းကျင်က ဖမ်းဆီးတာဖြစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဟာ လုံခြုံရေး ရဲတပ်သားဆီကနေ သေနတ်လုယူခဲ့တဲ့အတွက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“ညက တစ်ယောက် ဖမ်းတယ်။ မနက်ကျ တစ်ယောက်ထပ်ဖမ်းတယ်။ ညက လာဖမ်းတာက သေနတ်လုယူသွားလို့ ဆိုပြီးဖမ်းတာ။ မနက်ကတစ်ယောက်ကတော့ ဘာလို့လည်း မသိဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

အခုလက်ရှိမှာ ဖမ်းဆီးခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင် နှစ်ယောက်လုံးကို အမှတ် ၃ ရဲစခန်းမှာ စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024