Live
Home
မြန်မာသတင်း
မြောင်နှင့် ကနီမြို့နယ်တို့တွင် ပြည်သူ့ဝန်ထမ်းအဖြစ် ပူးပေါင်းလာသူ‌ ၃၇၀၀ ကျော်ရှိလာ
DVB
·
November 10, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နဲ့ ကနီမြို့နယ်မှာ ပြည်သူ့ဝန်ထမ်းအဖြစ် ပူးပေါင်းလာသူ ၃၇၀၀ ကျော်ရှိနေပြီလို့ မြောင်မြို့နယ်နဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

“ကျနော်တို့ မြောင်မြို့နယ်ကတော့ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြည်သူ့ဝန်ထမ်းအဖြစ် ပူးပေါင်းလာသူ ပညာရေးဌာနက ၈၂.၆ ရာခိုင်နှုန်း၊ ကျန်းမာရေးဌာနက ၅.၈ ရာခိုင်နှုန်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ၂.၉ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနက ၇.၉ ရာခိုင်နှုန်းရှိခဲ့တယ်ဗျ။ အောက်တိုဘာနဲ့ နိဝင်ဘာ ၂ လကတော့ ပြည်သူဘက်ပူးပေါင်းလာတာရှိတယ်။ သီးခြားတော့စရင်မပြုရသေးဘူး။ ဝင်လာကြတာတော့ ဌာနပေါင်းစုံပဲလို့ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ရှိ ဗိုလ်သမန်းကျားက ပြောပါတယ်။

နောက်ထပ်ပြည်သူ့ဝန်ထမ်းအဖြစ် ခံယူလိုတဲ့ ဝန်ထမ်းတွေအနေနဲ့ ထွက်စာနဲ့ အတူ စာရင်းပေးပို့ကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ်မှာလည်း ပူးပေါင်းပါဝင်လာသူ ဌာနပေါင်းစုံက ပြည်သူ့ဝန်ထမ်း ၁၇၀၀ ကျော်ရှိနေတယ်လို့ ပြည်သူကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024