ကလပ်ပြိုင်ဘက်များနှင့် နိုင်ငံအသင်း၌ ပြန်တွေ့ချိန် စိတ်လှုပ်ရှားမိဟု စမစ်ရိုး ပြော

ကလပ်အသင်း ပြိုင်ဘက်ကစားသမားတွေနဲ့ နိုင်ငံအသင်းမှာ ပြန်လည်ဆုံတွေ့ချိန် စိတ်လှုပ်ရှားမိကြောင်း အာဆင်နယ်ကွင်းလယ်လူ စမစ်ရိုးက ပြောပါတယ်။ 

စမစ်ရိုးဟာ အင်္ဂလန်ယူ ၂၁ အသင်းအတွက်‌ ‌ရွေးချယ်ထားပေမယ့် အသင်းကြီးမှာ ဒဏ်ရာ ပြဿနာတွေရှိခဲ့တာကြောင့် နည်းပြဆောက်ဂိတ်က အစားထိုးရွေးချယ်ခဲ့တာပါ။ 

စမစ်ရိုးအတွက် ပထမဆုံးအကြိမ် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရတာဖြစ်ပြီး သူ့အတွက်ရော မိသားစုအတွက်ပါ ဂုဏ်ယူမိတယ်လို့ စမစ်ရိုးက ပြောပါတယ်။ 

“ဒီကစားသမားတွေနဲ့က ပြိုင်ဘက်တွေအနေနဲ့ အပတ်စဉ်တွေ့ခဲ့ဖူးပေမယ့် အင်္ဂလန်အတွက် ကစားပေးချိန်မှာတော့ အမြဲတမ်း ကွဲပြားခြားနားပါတယ်။ တခဏအတွင်းမှာပဲ နေသားကျသွားပေမယ့် အစပိုင်းမှာတော့ စိတ်လူပ်ရှားခဲ့တယ်။ လာမယ့်ရက်တွေအတွင်းမှာ ပိုပြီး သက်သောင့်သက်သာရှိလာမှာတော့ သေချာပါတယ်” လို့ စမစ်ရိုးကပြောပါတယ်။ 

အသက်၂၁နှစ်ရှိ စမစ်ရိုးဟာ ဒီရာသီပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၄ ဂိုးသွင်းပြီး ၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ 

မေဆန့်မောင့်၊ ဝက်စ်ပရောက်နဲ့ ရက်ရှ်ဖို့ဒ် တို့မပါဝင်နိုင်ချိန်မှာ နည်းပြဆောက်ဂိတ်က စမစ်ရိုးကို အစားထိုးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up