Wednesday, May 31, 2023
HomeLead Storyချမ်းမြသာစည်မြို့နယ်တွင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် ၁၀၈ E လမ်း၊ ၄၅ လမ်း နဲ့ ၄၆ လမ်းကြားမှာ နိုဝင်ဘာ ၁၀ ရက် မနက် ၅ နာရီကျော်အချိန်က အမျိုးသမီး ၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်အာဏာသိမ်းပြီး အစောပိုင်းလှုပ်ရှားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာသာ ပါဝင်ခဲ့ကာ အခုလက်ရှိ ဘယ်လှုပ်ရှားမှုမှာမှ မပါဝင်ကြဘူးလို့ ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။

“ဖမ်းခံရတာ ဟုတ်တယ်။ အမျိုးသမီး သုံးယောက်လို့ ကြားတယ်။ နာမည်တွေတော့ မသိဘူး။ သူတို့က စောစောပိုင်းက လုပ်တဲ့ ဆန္ဒပြပွဲတွေမှာတော့ပါတယ်။ နောက်ပိုင်းဘာမှ မလုပ်ဘူး။ ဒါကို သတင်းပေး ဒလန်က လိုက်ဖမ်းခိုင်းတာ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်ကိုင်အဖွဲ့တွေဟာ နေအိမ် တစ်အိမ်တည်းကနေ အမျိုးသမီး (၃) ဦးကို ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular