Home
မြန်မာသတင်း
ချင်းမိုင်တွင် ရွှေ့ပြောင်းလုပ်သားများကြား ကိုဗစ်ကူးစက်သူပိုများလာသဖြင့် သီးသန့်စင်တာ ထပ်တိုး
DVB
·
November 10, 2021

ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအရှိန်မလျော့သေးဘဲ ရွှေ့ပြောင်း အလုပ်သမားတွေကြားထဲမှာလည်း ကူးစက်သူတွေတိုးလာတဲ့အတွက် ပိုးကူးခံရသူတွေကိုသီးခြားခွဲ ထုတ်ထားရှိတဲ့ Community Isolation ( CI  ) စင်တာမှာ အဆောင်ထပ်တိုးဖို့ သက်ဆိုင်ရာက စီစဉ်နေပါတယ်။ 

အဆိုပါစင်တာမှာ ချင်းမိုင်မြို့ ချန့်ဖိုတ်ရပ်ကွက်ရှိ မြူနီစီပယ်အားကစားကွင်းထဲမှာ ဖွင့်လှစ်ထားရှိပြီး လက်ရှိ အဆောင် ၅ ခုထဲမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂၃၇ ဦးကြောင်း ၊ အများစုမှာ အလုပ်သမားတန်းလျားနဲ့ လုပ်ငန်းခွင်တွေမှာ သွားရောက်စစ်ဆေးရာက ပိုးတွေ့ရှိခဲ့ သူတွေဖြစ်တယ်လို့ ချင်းမိုင်မြူနီစီပယ်ဝန် နိုင်းအတ်ဆနီး ပူရဒုပကွန်းက မနေ့က သတင်း ထောက်တွေကို ပြောပါတယ်။ 

လက်ရှိချင်းမိုင်မှာ ပိုးကူးစက်သူ ၃၀၀ အထက်နေ့စဉ်တွေ့နေတဲ့အပြင် နောက်ထပ်နယ်မြေ ထဲကွင်းဆင်းစစ်ဆေးမှုတွေ တောက်လျှောက်လုပ်ဆောင်သွားမှာမို့  လူ ၅၀၀ အထိလက်ခံထားရှိ နိုင်ဖို့ ပြင်ဆင်နေတယ်လို့ လည်း ဆက်ပြောပါတယ်။

ဒါ့အပြင် ချင်းမိုင်မြူနီစီပါယ်ရုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေပြီး လက်ရှိဆေး အစုံပေါင်း ၇၀၀၀ ရှိကြောင်း ၊ ဆေးအမျိုးအစားမှာ ပထမတကြိမ်  Sinovac နဲ့ ဒုတိယတကြိမ် AstraZeneca ဖြစ်ပြီး  ရွှေ့ပြောင်းအလုပ်သမားတွေကို ဦးစားပေးထိုးနှံပေးနေတယ်လို့ ဆိုပါတယ်။ 

နောက်ထပ်   CI  စင်တာတစ်ခုကို  ချင်းမိုင်ဖူးခမ်းဟိုတယ်မှာ ဖွင့်လှစ်ထားရှိပြီး အဲဒီမှာ တော့ ထိုင်းနိုင်ငံသားတွေကို ထားရှိပါတယ်။ 

ကိုဗစ်-၁၉ ပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာအခြေအနေမဆိုးရင် CI စင်တာမှာ သီးသန့်ခွဲ ထားကာ အခြေအနေဆိုးသူတွေကိုတော့ ဆေးရုံမှာကုသပေးနေတာဖြစ်ပါတယ်။ 

ချင်းမိုင်ခရိုင်မှာ နိုဝင်ဘာ ၉ ရက်နေ့က  ကိုဗစ် ၁၉ ပိုးကူးစက်ခံရသူနောက်ထပ် ၃၇၉ ဦး တွေ့ရှိပြီး သေဆုံးသူ ၂ ဦးရှိပါတယ်။ 

ထိုင်းမှာ နိုဝင်ဘာ ၉ ရက်နေ့ထိ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူစုစုပေါင်း ၂၀၃၉၀ ဦး ၊ သက်သာပျောက်ကင်းသူပေါင်း ၁၅၂၀၇ ဦး  အခြေနေစောင့်ကြည့်ဆဲ ၂၃၅ ဦးနဲ့ သေဆုံးသူ ၇၄ ဦးရှိတယ်လို့ ခရိုင်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ကိုးကား - https://www.chiangmainews.co.th/page/archives/1834057/?fbclid=IwAR173qH9NA-4PKuM_P30sEzw3lb5O1lm_u8NGTl5EtmgtKgq1qZZtZztLzI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024