Saturday, June 10, 2023
HomeLead Storyယင်းမာပင် တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား ၃၀ ခန့်ကျဆုံး၊ PDF ဘက်က ၁ ဦး ဒဏ်ရာရ

ယင်းမာပင် တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား ၃၀ ခန့်ကျဆုံး၊ PDF ဘက်က ၁ ဦး ဒဏ်ရာရ

စစ်​ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တယ်ပင်ကန်​ကျေးရွာအ​နီးမှာ စစ်​ကောင်စီတပ်ဖွဲ့နဲ့ ​ဒေသခံ PDF အဖွဲ့တို့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တယ်ပင်ကန်​ကျေးရွာအ​နောက်ဘက်နားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်​ကောင်စီတပ်သား ၃၀ ဝန်းကျင်လောက် ကျဆုံးပြီး ​ဒေသခံ PDF အဖွဲ့က ၁ ဦး လက်​မောင်းထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့  PDF အဖွဲ့ဝင်​တွေက ​ပြောပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့​တွေအလာမှာ ​ဒေသခံ PDF  အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှု​​တွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ 

မနက် ၉ နာရီ​​ကျော်လောက်က စတင်ဖြစ်ပွားခဲ့ကာ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီဝန်း​ကျင်​လောက်ထိ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီ​နောက် စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ ယင်းမာပင်ဘက် ဆက်လက်ချီတက်ခဲ့ကြပြီး ​​နှောရိုး-ကောင်းဆင့်​ကျေးရွာအနီးမှာလည်း စစ်​ကောင်စီကား ၂ စီး ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ထိခိုက်ကျဆုံးမှုအ​ခြေ​နေကို​တော့ မသိရ​သေးဘူးလို့ ​ပြောပါတယ်။ 

စစ်​ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ​ကောင်းဆင့်​ကျေးရွာအပါအဝင် အနီးနားမှာရှိတဲ့ ​ကျေးရွာ​တွေက ​ဒေသခံပြည်သူ​တွေ ထွက်​ပြေး​နေကြရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular