အီဂျစ်သမ္မတဟောင်းကို ဒီနေ့ ရုံးထုတ်မည်

အီဂျစ်သမ္မတဟောင်း မော်စီ (ဓာတ်ပုံ - ရိုက်တာ)
အာဏာသိမ်းခံရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း သမ္မတအိမ်တော်ရှေ့ လူထုစုရုံးပွဲအတွင်း ဆန္ဒပြသမားတွေ သေဆုံးခဲ့မှုအတွက် ဒီနေ့ တရားရုံးထုတ်မှာ ဖြစ်ပါတယ်။ သမ္မတဟောင်း မိုဟာမက်မော်စီနဲ့ အခြား မွတ်စလင်ညီအစ်ကိုတော်များပါတီ ခေါင်းဆောင် ၁၄ ဦးကို အကြမ်းဖက်မှုတွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်မှုတွေအတွက် အီဂျစ်အစိုးရက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ [caption id="attachment_49927" align="alignleft" width="300"]အီဂျစ်သမ္မတဟောင်း မော်စီ (ဓာတ်ပုံ - ရိုက်တာ) အီဂျစ်သမ္မတဟောင်း မော်စီ (ဓာတ်ပုံ - ရိုက်တာ)[/caption]စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ညီအစ်ကိုတော်များပါတီက အာဏာတည်ဆောက်မှုတွေကို လူထုက မကျေနပ်တာကြောင့် သမ္မတမော်စီဟာ သမ္မတသက်တမ်း ၁ နှစ်ပြည့်ပြီးချိန်မှာပဲ လူထုဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မိုဟာမက်မော်စီကို သမ္မတရာထူးက ဖြုတ်ချခံရပြီးချိန်မှာ အီဂျစ်နိုင်ငံ ခေတ်သစ်သမိုင်းမှာ အဆိုးဆုံး အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သမ္မတမော်စီကို ထောက်ခံသူတွေရဲ့ ဆန္ဒပြစခန်း ၂ ခုကို အစိုးရအာဏာပိုင်တွေက ဖြိုခွင်းရာမှာ ဆန္ဒပြသူ ပြည်သူအနည်းဆုံး ၉၀၀ ပစ်သတ်ခံခဲ့ရပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၁၀၀ လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ ဆိုင်းနိုင်းပင်လယ်အော်ဒေသမှာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာပါတယ်။ မွတ်စလင်ညီအစ်ကိုတော်များပါတီဟာ ယခင် နှစ်ပေါင်း ၈၀ ကျော် လှုပ်ရှားခဲ့တဲ့အတိုင်း မြေအောက်ပါတီအဖြစ် ပြန်လည် ရောက်ရှိသွားပါတယ်။ အီဂျစ်စစ်တပ်က နိုင်ငံရေးလှုပ်ရှားသူတွေကို အကြမ်းဖက်သမားတံဆိပ် တပ်ပြီး အကြမ်းဖက် ဖြိုခွင်းနေပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ယာယီအစိုးရကတော့ ပြည်သူ့ဆန္ဒခံယူပွဲ၊ လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲသစ်တွေကို ကျင်းပပြီး အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီကို ပြန်လည် အသက်သွင်းမယ်လို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up