မွန်ပြည်နယ် ရေးမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဟောငး တွေကို အောက်တိုဘာလ ကစပြီး ယူနီဖောင်းတွေ ပြန်ဝတ်ခိုင်းကာ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။
“ကျန်းမာရေး စစ်ဆေးတယ်၊ ဆေးစစ်တယ်၊ စစ်တာအောင်ရင် သေနတ်ပြန်ကိုင်ရတယ်၊ အသက်အရွယ် မရွေးဘူး၊ တာဝန်ပြန်ထမ်းဆောင်ရတာပေါ့” လို့ အမည်မဖော်လိုတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဟောင်းတွေကို ကျန်းမာရေးစစ်ဆေးပြီးတဲ့နောက် ယူနီဖောင်းတွေ ပြန်ဝတ်ခိုင်းပြီး လုံခြုံရေးကင်းတံတား၊ စစ်ဆေးရေးဂိတ်နဲ့ ရေးတံတားတွေမှာ တာဝန်ပြန်ထမ်းဆောင်နေရတယ်လို့ သိရပါတယ်။
ရေးမြို့နယ်အတွင်း လက်ရှိမှာ စစ်မှုထမ်းဟောင်း အယောက် ၂၀ ရှောင်လွှဲလို့မရဘဲ ကျန်းမာရေးကောင်းတာနဲ့ သေနတ်ပြန်ကိုင်နေရတယ်လို့ ဆိုပါတယ်။