ဆီးရီးယားနိုင်ငံမှ ဓာတ်တုလက်နက်များ သယ်ထုတ်

ဆီးရီးယားပြန်ကြားရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေစဉ်
ဆီးရီးယားနိုင်ငံရဲ့ ဓာတုလက်နက်နဲ့ ပစ္စည်းတွေ သယ်ထုတ်ရေး အစီအစဉ်ဟာ ဇန်န၀ါရီ ၇ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ဇန်န၀ါရီ ၇ ရက်နေ့မှာ ပထမဦးစားပေးအဖြစ် ဓာတုလက်နက်ပစ္စည်းတွေကို ဆီးရီးယားနိုင်ငံ လက်တက်ကီယာမြို့ဆိပ်ကမ်းမှာ ဒိန်းမတ်နိုင်ငံပိုင် သဘောင်္ပေါ် တင်ဆောင်ခဲ့ပြီး အခုအချိန်မှာ နိုင်ငံတကာရေပိုင်နက်ဆီ ခုတ်မောင်းနေပါတယ်။ [caption id="attachment_49923" align="alignleft" width="300"]ဆီးရီးယားပြန်ကြားရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေစဉ် ဆီးရီးယားပြန်ကြားရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေစဉ်[/caption]ဓာတုလက်နက်နဲ့ ပစ္စည်းတွေကို အီတလီဆိပ်ကမ်းတခုမှာ အမေရိကန်ပိုင် ကုန်တင် သဘောင်္တစင်းပေါ် ပြောင်းလဲ တင်ဆောင်ပြီး နိုင်ငံတကာရေပိုင်နက်တခုမှာ ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ ၂၀၁၃ သြဂုတ် ၂၁ ဓာတုတိုက်ခိုက်မှုတွေနောက်ပိုင်း ရုရှားနိုင်ငံက အဆိုပြုမှုနဲ့ အမေရိကန်နဲ့ ဆီးရီးယားအစိုးရတို့အကြား သဘောတူညီမှုနဲ့ ထွက်ပေါ်တဲ့ ဓာတု လက်နက်ဖျက်ဆီးရေး အစီအစဉ် ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်၊ ရာသီဥတုဆိုးရွားမှုနဲ့ အစိုးရယန္တရား အားနည်းချက်တွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ သတ်မှတ်ရက်ထက် ၁ ပတ် နောက်ကျပြီးမှ အခုနှစ် မှာ လုပ်ငန်းစတင်နိုင်တာ ဖြစ်ပါတယ်။ စုစုပေါင်း တန်ချိန် ၁၃၀၀ ရှိတဲ့ ဆီးရီးယားဓာတုလက်နက်နဲ့ ပစ္စည်းတွေထဲက အန္တရာယ် အရှိဆုံး ဓာတုပစ္စည်း ကွန်တိန်နာ ၉ လုံးကိုတော့ ပထမအဆင့်အနေနဲ့ ဒိန်းမတ်သဘောင်္ပေါ် တင်ဆောင်ခဲ့တယ်လို့ (အိုပီစီဒဗလျူ) က ဆိုပါတယ်။ ဓာတုလက်နက်ပစ္စည်းတွေ ဆီးရီးယားနိုင်ငံကနေ ဖယ်ထုတ်ရေး အစီအစဉ်ကို ဆီးရီးယား အစိုးရကလည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နေပါတယ်လို့ ဆီးရီးယားပြန်ကြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ရေကြောင်းလုံခြုံရေးကိုတော့ တရုတ်၊ ဒိန်းမတ်၊ နော်ဝေးနဲ့ ရုရှားနိုင်ငံတွေက တာဝန်ယူ ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up