မြန်မာအလုပ်သမား ၆၉ ဦး မလေးရှားမှ ပြန်ရောက် (ဓာတ်ပုံ)
DVB
·
January 8, 2014
မလေးရှားနိုင်ငံ ဆာဗား ဆာရ၀တ်ပြည်နယ်ရှိ သင်္ဘောဆိပ်ကမ်း ဂိုထောင်တခုတွင် ပိတ်မိနေတဲ့ မြန်မာ အလုပ်သမားများ ရန်ကုန်သို့ ရောက်ရှိလာတာကို မြင်တွေ့ရတာဖြစ်ပါတယ်။
မြန်မာပြည်ကို ပြန်ဖို့ ပထမဆုံးအသုတ်အနေနဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ညမှာ မြန်မာအလုပ်သမား ၉၈ ဦးထဲက ၆၉ ဦး ပြန်ခဲ့ရပြီး ဒုတိယအသုတ်အဖြစ် ဒီနေ့ညမှာ မြန်မာအလုပ်သမား ၂၁ ဦး မြန်မာပြည်ကို ပြန်မှာ ဖြစ်ပါတယ်။ မိသားစု အခက်အခဲကြောင့် မြန်မာပြည်ကို မပြန်လိုပဲ မလေးရှားမှာ အလုပ်ဆက်လက်လုပ်ကိုင်ရန် ကျန်ရှိနေတဲ့ မြန်မာအလုပ်သမား ၉ ဦးကိုတော့ ကုမ္ပဏီပိုင် တခြား သင်္ဘောကျင်းမှာ ပြောင်းရွှေ့လုပ်ကိုင်စေတယ်လို့ သိရပါတယ်။
[gallery ids="49906,49907,49908,49909,49910"]