ဒေါ်အောင်ဆန်းစုကြည် ဖလမ်းလူထုကို မိန့်ခွန်းပြောမည်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တီးတိန်မြို့တွင် တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီ ၈ ရက်နေ့ နေ့ခင်းပိုင်းမှာ ချင်းပြည်နယ် ဖလမ်းမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး နေ့ခင်း ၂ နာရီလောက်မှာ ဖလမ်းမြို့ခံ လူထုတွေကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ [caption id="attachment_49903" align="alignleft" width="254"]လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တီးတိန်မြို့တွင် တွေ့ရစဉ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တီးတိန်မြို့တွင် တွေ့ရစဉ်[/caption]မနေ့က တီးတိန်မြို့က ပြုလုပ်တဲ့ဟောပြောပွဲအတွင်း တက်ရောက်နားထောင်သူ ၃ ထောင်လောက်ထဲက ၉၇ ရာခိုင်နှုန်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒမဲပေးခဲ့ပြီး ကျန် ၃ ရာခိုင်နှုန်းကတော့ အသစ် ပြန်လည်ရေးဆွဲလိုကြတယ်လို့ ဒီခရီးစဉ်ကို လိုက်ပါ သတင်းယူခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up