မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဟင်္သာမကျေးရွာ အုပ်ချုပ်ရေးမှူးကို အရပ်ဝတ် သေနတ်သမား တချို့က နိုဝင်ဘာ ၇ ရက် မနက် ၆ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနဲ့ သူ့တူဖြစ်သူ ကိုခင်မောင်ဝင်းတို့ဟာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ဖို့ ကျွန်းပေါ်သွားတဲ့အချိန် ပစ်သတ်ခံရတာလို့ သိရတယ်။
“ဒီအချိန် တရွာလုံးက ကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်တယ်။ ကျွန်းကနု လှေနဲ့ ကူးဖို့ အလုပ် သောင်ခုံ ပေါ်မှာ ပစ်သတ်ခံရတာ။ ဒါကို သူ့တူက ဝင်လုံးတော့ သူ့တူလည်း ပစ်ခံရတယ်” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း ဦးခေါင်း သေနတ်မှန်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး ကိုခင်မောင်ဝင်းကတော့ လည်ပင်းဒဏ်ရာနဲ့ စဉ့်ကူးဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။