မန္တလေးတိုင်း မြစ်သားမြို့နယ်၊ ထားဝယ်အင်းကျေးရွာအုပ်စု ပြည်လုံးအေးရွာအနီး ဖောက်ခွဲခံရတဲ့ မိုင်တဲ တာဝါတိုင်ကို နိုဝင်ဘာ ၆ ရက် မနက် ၁ နာရီ လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီကား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “မိုင်တဲတာဝါတိုင် ဖောက်ခွဲခံရတာ သိရတယ်။ ပျက်စီးမှုတော့ မသိရဘူး။ မြင်းထားဝယ်ရွာ အရှေ့ဘက်တံတားနားမှာ ဗုံးပေါက်သံ ကြားရတယ်။ စစ်ကားကို မိုင်းဆွဲ တိုက်တာလို့တော့ သိရတယ်” လို့ ပြောပါတယ်။
ကျောက်ဆည် နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ အမည်မဖော်လိုသော မြေပြင်တိုက်ခိုက်ရေး ၂ ဖွဲ့က တိုက်ခိုက်တာဖြစ်ကြောင်း နိုဝင်ဘာလ ၆ ရက် က သတင်းထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရမှု အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
မြစ်သားမြို့နယ် ရခိုင်ကြီးတိုက်နယ်အတွင်းရှိ ပြည်လုံးအေးရွာ အရှေ့ဘက်ရှိ မိုင်တဲတာဝါတိုင်အား ည ၁၀ နာရီလောက် ဖောက်ခွဲခံခဲ့ရတာလို့ သိရပါတယ်။
မြစ်သားမြို့နယ်မှာ မိုင်တဲတာဝါတိုင်တေါ၊ ရဲသတင်းတပ်ဖွဲ့ရုံး၊ လျှပ်စစ်ရုံးနဲ့ မီးရထားလမ်း စတာတွေ ဗုံးခွဲတိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပါတယ်။