ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ TNLA ၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တို့ နိုဝင်ဘာလ ၄ ရက် ညပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး RCSS ဘက်က ထိခိုက်သေဆုံးအများအပြားရှိခဲ့တယ်လို့ TNLA တပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီအပြင် RCSS ရဲ့ တပ်စခန်း ၇ ခုထက်မနည်းကို TNLA ၊ SSPP ပူးပေါင်းအဖွဲ့ က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တချို့နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS) တပ်ဖွဲ့ဝင် ၁၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီနေ့ ညတိုက်ပွဲမှာ RCSS က သူတို့ရဲ့တပ်စခန်းတွေကို မိုင်းထောင်ပြီးစခန်းကို စွန့်သွားခဲ့ကြတယ်လို့ TNLA ဘက်က ပြောပါတယ်။
အဆိုပါတိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RCSS ဘက်ကို ဒီဗွီဘီသတင်းဌာက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ကျောက်မဲမြို့နယ်တွင်းမှာ TNLA၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။