ဇန်န၀ါရီ ၁၃ ဆန္ဒပြပွဲကြီးအတွက် ထိုင်းအစိုးရဆန့်ကျင်သူများ ပြင်ဆင်

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ ဇန်န၀ါရီ ၁၃ ရက်နေ့ စမယ့် ဆန္ဒပြပွဲကြီးအတွက် ထောင်နဲ့ချီတဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ပြင်ဆင်နေကြပါတယ်။ ဆန္ဒပြသူတွေက အစိုးရရုံးတွေနဲ့ အဓိကလမ်းဆုံတွေကို ရက်တချို့ ပိတ်ထားဖို့ စီစဉ်ထားပါတယ်။ [caption id="attachment_49866" align="alignleft" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဒါဟာ ဖေဖော်ဝါရီ ၂ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့နဲ့ ကြားဖြတ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ဖိအားပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးတိုက်ပွဲအဖြစ် ခံယူထားတဲ့ လာမယ့် ရက်သတ္တပတ် လူထုချီတက်ပွဲအတွက် ထောက်ခံမှုတွေ ပိုရဖို့ ဆန္ဒပြသမားတွေက ရည်မှန်းထားကြပါတယ်။ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆန္ဒပြသူတတဦးက ပြောပါတယ်။ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ရုပ်သေးအဖြစ် ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လူကြိုက်များရေး မူဝါဒနဲ့ မဲဆွယ်ရာမှာ အခွန်ထမ်း ပြည်သူတွေရဲ့ ငွေတွေကို သုံးပစ်သူ၊ အကျင့်ပျက်တဲ့ နိုင်ငံရေးသမားအဖြစ် ဆန္ဒပြသူတွေက စွပ်စွဲကြပါတယ်။ ဆန္ဒပြသူတွေကတော့ ရွေးကောက်ပွဲတွေ မတိုင်မီ ၁၂ လ အချိန်အတွင်း အာဏာ ခွဲဝေရေးနဲ့ ရွေးကောက်ပုံစနစ် အပြောင်းအလဲတွေ အပါအ၀င် ပြုပြင်ပြောင်းလဲရေးကို ကြီးကြပ်ကွပ်ကဲဖို့ ပြည်သူ့ကောင်စီ ဖွဲ့စည်းရေး တောင်းဆိုနေပါတယ်။ အသက် ၄၆ နှစ် အရွယ် ထိုင်းဝန်ကြီးချုပ်ကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကို ငြင်းဆန်ပြီး အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။ မသေချာမှုတွေ တိုးလာနေလို့ ထိုင်းဈေးကွက်အတွင်း ဇန်န၀ါရီ ၆ ရက်နေ့မှာ ထိုင်းဘတ်ငွေဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၄ နှစ်အတွင်း ငွေတန်ဖိုး နိမ့်ကျမှုကို ရင်ဆိုင်နေရပါတယ်။ စတော့ရှယ်ယာ ညွှန်းကိန်းတွေက ၂၀၁၂ သြဂုတ်လကနေ ခုချိန်အထိ အနိမ့်ဆုံး အဆင့်ကို ရောက်နေပါတယ်။

//
More News
Up