Friday, June 9, 2023
HomeLead Story၄၂ နှစ်မြောက် အမေရိကန်သံရုံး သိမ်းယူမှု အထိမ်းအမှတ် အီရန်ပြည်သူများ ဆန္ဒပြ

၄၂ နှစ်မြောက် အမေရိကန်သံရုံး သိမ်းယူမှု အထိမ်းအမှတ် အီရန်ပြည်သူများ ဆန္ဒပြ

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အမေရိကန်သံရုံးကို သိမ်းယူမှု ၄၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သောင်းနဲ့ချီတဲ့ အီရန်ပြည်သူတွေဟာ ကြာသပတေးနေ့မှာ လမ်းတွေပေါ်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ 

၁၉၇၉ ခုနှစ်က သိမ်းယူမှု နှစ်ပတ်လည်နေ့ကို ကမ္ဘာလုံးဆိုင်ရာ မောက်မာမှုကို တိုက်ဖျက်တဲ့ အမျိုးသားနေ့အဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။ 

၁၉၇၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က အီရန်တော်လှန်ရေးကျောင်းသားအုပ်စုတခုဟာ အီရန်ရှိ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့ပြီး အမေရိကန် ၅၂ ဦးကို ၄၄၄ ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာပါ။ 

အမေရိကန်ဟာ ၁၉၈၀ ပြည့်နှစ်မှာ အီရန်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်းမှာလည်း နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး မရှိခဲ့ပါဘူး။ အီရန်တွေဟာ ဒီပွဲကို  နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။

ချီတက်ပွဲမှာ အီရန်နိုင်ငံသားတွေဟာ အမေရိကန် ဆန့်ကျင်ရေး စာတမ်းပါ နဖူးစည်းတွေနဲ့ အီရန်နိုင်ငံအလံတွေကို ကိုင်မြှောက်ကြပြီး အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ကြွေးကြော်ကြပါတယ်။ 

အမေရိကန်ဟာ “နိုင်ငံတော်အကြမ်းဖက်ဝါဒ” မူဝါဒကို လိုက်နာပြီးတော့ တခြားနိုင်ငံတွေရဲ့ ပြည်သူတွေကို ဆက်လက်ဖိနှိပ်နေတယ်လို့ ပြောကြားကြပါတယ်။

အီရန်တော်လှန်ရေး အစောင့်တပ်ရဲ့ တပ်မှူးချုပ် ဟော့စိန် ဆာလမီက မိန့်ခွန်းပြောကြားရာမှာ အီရန်ဟာ စစ်ပွဲကို ရှာနေတာ မဟုတ်ပေမယ့်လည်း နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။ 

တဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်းအားဖြင့် အီရန်ကို ဒူးထောက်လာစေဖို့ အမေရိကန်က ၄၂ နှစ်ကြာ ကြိုးပမ်းခဲ့ပေမယ့်လည်း အီရန်ပြည်သူတွေဟာ သူတို့နိုင်ငံအတွက် ကဏ္ဍပေါင်းစုံမှာ ကြီးမားတဲ့တိုးတက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး အမေရိကန်အစိုးရရဲ့ အမြင့်ဆုံး ဖိအားပေးရေးပေါ်လစီက ကျဆုံးသွားတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular